Thursday, May 3, 2012

မောင်းမကန်သူ







ထားဝယ်ဒေသလို့   ပြောလိုက်တာနှင့် ပင်လယ်ပြာပြာ သဲသောင်ကမ်းလှလှ စုဝေးရာ မောင်းမကန် ကမ်းခြေကို မြင်ယောင်ကြမှာ အသေချာပါပဲ..။ မောင်းမကန်နှင့်ပတ်သက်ပြီး ဓလေ့စကားအသံအတိုင်း ရိုးသားပွင့်လင်းစွာဖြင့် အလည်လာဖို့   ဖိတ်ခေါ်ထားတဲ့ မောင်းမကန်သူ သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်..။ သီချင်းလေးကို အသေချာ နားထောင်ကြည့်လိုက်ရင်ပဲ မောင်းမကန်ကမ်းခြေရှိရာ ထားဝယ်ဒေသကို အပြေးလာချင်တဲ့ စိတ်တွေ တဒင်္ဂအတွင်း ဖြစ်လာလိမ့်မယ်လို့  မျှော်လင့်ပါတယ်...။ သီချင်းထဲမှာပါတဲ့ ပင်လယ်အစားစာလေးတွေကို တကယ့်အပြင်မှာ စားလိုက်ရင်ဖြင့် ဆွေမျိုးမေ့မှာတော့အမှန်ပင်..။ ဒါကြောင့် အကြံတစ်ခုပေးပါရစေ..။ ထားဝယ်ဒေသကို ရောက်တဲ့အခါ ဒေသအစားအစာ မစားမီ ဆွေမျိုး စာရင်းကို အသေချာ ရေးမှတ်ပြီးမှ စားပါလို့.....။ :P

နှင်းပန်း (ရွှေထားဝယ်)

No comments:

Post a Comment