" ထားဝယ် " လို့ အသံကြားလိုက်တာနှင့် စကားသံဝဲ၀ဲနှင့် ရိုးသားယဉ်ကျေးတဲ့ အသွင်ကို ကြိုမြင်ယောင်မှာ သေချာသည်..။
"ဟုတ်ကဲ့ရှန်... ဟုတ်ကဲ့ခံ.." ယဉ်ကျေးတဲ့ စကားလေးတွေက ကြားရသူတိုင်း နားဝင်ပီယံ ချိုမြိန်လှသည်...။
မြန်မာပြည်တောင်ဘက်ပိုင်း ပင်လယ်ပြာပြာ ရေပြာပြာနှင့် သဲသောင်ကမ်းအလှ..၊ သွယ်တန်းလှပ ကျွန်းသာယာ အလှအပများကို ခံစားရင်း ပုလဲဧကရီလေးတွေအလှကိုလည်း စိတ်ကူးနှင့် မြင်ယောင် ရှုစားမိမှာအမှန်ပင်...။ အာဟာရဓာတ်ကြွယ်ဝစွာဖြင့် အရသာဆန်းဆန်းလေးတွေ ပေးစွမ်းသည့် ပင်လယ်အစာ..၊ လန်းဆန်းတက်ကြွစေတဲ့ ပင်လယ်လေကို ရှူရှိုက်ရင်း ပင်လယ်အလှတွေအကြား ရင်သပ်ရှုမော ခံစားကြည့်ဖို့ ထားဝယ်မြေကို တခါတခေါက်ဖြစ်ဖြစ် လာရောက်ခဲ့ပါလို့ ထားဝယ်ဒေသအလှကို ဖော်ညွန်းထားတဲ့ သီချင်းလေးနှင့် ဖိတ်ခေါ်ပါရစေ...။
လှမ်းလာခဲ့ပါ ထားဝယ်မြေ သီချင်းကို ခိုင်မြဲသာက သီဆို ပုံဖော်ထားတာပါ..။ သီချင်းအစမှာ ထားဝယ်ဒိုးသံနှင့်အတူ ထားဝယ်ဒေသရိုးရာ သီချင်းစာသား အပိုင်းအစလေးကို ကြားညှပ်သုံးထားတာကို နားဆင်ခွင့်ရပါမည်..။ သီချင်းလေးကို နားဆင်လိုက်တာနှင့် ထားဝယ်ဒေသရဲ့ လှည့်ပတ်စရာနေရာလေးများကို သီချင်းလေးတွေ တွေ့ထိခံစားရမည်မှာအမှန်ပင်..။ သည်ထက်မကသော စိတ်ဝင်စားဖွယ်များရှိပါသေးကြောင်းနှင့် လှည့်ပတ်သင့်သော ဒေသတစ်ခုဖြစ်ကြောင်း ထပ်မံပြောပါရစေ...။
နှင်းပန်း ( ရွှေဝယ်မြေ)
No comments:
Post a Comment