Saturday, January 14, 2012

ချစ်စရာ့ထားဝယ်














"အတွေးစိတ်ဝယ်မှန်း
ရေး မြိတ် ထားဝယ်ကိုလွမ်းမိပါရဲ့
ကမ်းအလှ စာမဖွဲ့မမီ
လာခဲ့အတည်
အကြည်မိတ်ဆွေကို
အစဉ်ဖိတ်နေသည့်နှယ်
သီချင်းကဗျာ စာစီ
သြော်..သူ့တိုင်းက တနင်္သာရီ...။
"
ကဗျာဖွဲ့လို့လည်း မကုန်နိုင်ပါဘူး..။ စာဖွဲ့လို့လည်း မဆုံးနိုင်ပါဘူး...။ တကယ်ပြောရရင် သမုဒ်ပြင်ကို မင်ရည် ဖျော်ကာ ရေးစေဦးတော့ ကောင်းကင်အာကာလည်း ဆံ့မှာ မဟုတ်ပါ..။ သည်လောက်တောင် ညွန်းနေသလားတော့ မပြောနဲ့..။ သည်ထက် ပိုဦးမှာတော့ အမှန်ပင်ဖြစ်သည်လေ..။ အခုတခါမှာလည်း ချစ်စရာ့ ထားဝယ် သီချင်းလေးကို ဖော်ပြရင်း ထားဝယ်ဒေသအလှတွေကို လှစ်ဟပြလိုက်ပါတယ်...။ သီချင်းလေးနားထောင်ရင်း စိတ်ကူးနှင့် အရင်လာခဲ့ပေါ့...။ သည်သီချင်းထဲမှာလည်း ထားဝယ်ရိုးရာစကားသံနှင့် ထားဝယ်သီချင်း အပိုင်းအစလေးတွေကို ထည့်သွင်းဖွဲ့ဆိုထားပါတယ်..။ နားထောင်လိုက်တာနှင့် မြူးကြွစိတ်နှင့် ထ က ချင်စိတ်ပေါက်လာမှာ မြင်ယောင်ပါတယ်..။ နားမလည်တဲ့ စကားလုံးများရှိရင် ပြောခဲ့နော်...။
အားလုံးပျော်ရွှင် ချမ်းမြေ့ပါစေ...။


 နှင်းပန်း (ရွှေဝယ်မြေ)

No comments:

Post a Comment